ပါတီဗဟိုအလုပ်အမှုဆောင်ကချင်ပြည်နယ်ဥက္ကဋ္ဌဗန်းမော်မြို့၌ပါတီဝင်များ နှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်းသည် ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ရွှေကူမြို့နယ်များမှ ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီ ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ကော်မတီဝင်များနှင့်တွေ့ဆုံပွဲကို ဇွန်လ (၂၅) ရက်နေ့နံနက် (၉) နာရီက အရှေ့သာစည်ရပ်ကွက် ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပခဲ့သည်။

16844114-25062016


ရှေးဦးစွာပြည်နယ်ပါတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြား၍မြို့နယ် ပါတီ နယ်မြေတာဝန်ခံများနှင့် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူမြို့နယ်များ မှ မြို့နယ်ပါတီ အတွင်းရေးမှူးများက ရပ်/ကျေး ပါတီများပြန်လည် ဖွဲ့စည်းမှုနှင့် မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေးများကျင်းပရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကိုဆွေးနွေးတင်ပြခဲ့ရာ ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန် ဆိုင်းကပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်မိန့်ခွန်းပြောကြားခဲ့ ကြောင်း သိရသည်။

ဝါဝါ(ဗန်းမော်)


Leave a Reply