မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး အလှူငွေ သိန်း (၁၀၀) ကျပ်လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးက အလှူငွေ သိန်း (၁၀၀) ကျပ်အား ယနေ့ နံနက် ၈ နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော် အရှင်ပညာဝရထံမှ သြဝါဒခံယူခဲ့ကြပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးက အလှူငွေသိန်း (၁၀၀) ကျပ်အား လှူဒါန်းခဲ့သည်။

မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းသို့ အလှူငွေ လှူဒါန်းရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌများဖြစ်သော ဦးခင်ရီl ဦးလှထွန်း၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်l ရန်ကုန်တိုင်း အတွင်းရေးမှူး ဦးကျော်စိုးl ရန်ကုန်တိုင်းကော်မတီဝင် ဦးခင် မောင်တင့်l ဦးတင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။