ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှMask နှင့် Face Shield များလှူဒါန်း
ကျောက်ဖြူ သြဂုတ်
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီ က စနဲမြို့နှင့် ဇင်ချောင်းအုပ်စုတို့မှ ဈေးရောင်းဈေးဝယ် သူများအား COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်Mask နှင့်Face Shield များကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။ သိန်းဖေ(မာန်အောင်)