စီရော်နယ်ဒိုအား ရောင်းရန် ဘာစီလိုနာကို ဂျူဗင်တပ် ကမ်းလှမ်း

စီးရီးအေချန်ပီယံဂျူဗင်တပ်က ကမ္ဘာ့ကပ်ရောဂါကြောင့် ဘဏ္ဍာရေးရိုက်ခတ်မှုများ သက်သာစေရေး လုပ်ခ လစာများသော ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို အား ဘာစီလိုနာသို့ ရောင်းရန် ကမ်းလှမ်းထားကြောင်း စပိန် ဘောလုံးလောက ကျွမ်းကျင်သူ ဂြီလမ္ဘလာဂူးက ပြောကြားသည်။

ကစားသမားများ၏ လုပ်ခ လစာများကို လျှော့ချလိုသောကြောင့် ဂျူဗင်တပ်ကယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းကပြော ကြားသည်။

ရော်နယ်ဒိုသည် ၂၀၁၈ က လက်မှတ်ရေးထိုးခဲ့သော လေးနှစ်စာချုပ်တွင် ၂ နှစ်သက်တမ်း ကျန်သေးကာ တစ်နှစ်လစာပေါင် ၂၈ သန်းရရှိနေသည်။

လုပ်ခလစာ များလွန်းသောကြောင့် ဂျူဗင်တပ်က ၎င်းကို ဘာစီလိုနာအပါအဝင် ထိပ်တန်းအသင်းများသို့ ကမ်းလှမ်းထားကြောင်း ဂြီလမ္ဘလာဂူးက ပြောကြားသည်။

ဘာစီလိုနာက ခေါ်ယူခဲ့ပါ က ရော်နယ်ဒိုသည် ၎င်း၏ ပြိုင်ဘက် မက်ဆီနှင့် အတူတွဲကစားရမည်ဖြစ်သည်။

ရော်နယ်ဒို (၃၅) နှစ်က ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း မကြာသေးမီက နည်းပြဆာရီကို ဂျူဗင်တပ်က ထုတ်ပယ်ခဲ့ခြင်းကြောင့် ၎င်းလည်း အသင်းပြောင်းရွှေ့နိုင်ကြောင်း အီတလီသတင်းများက ဖော်ပြသည်။

ဘာစီလိုနာသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး ထိခိုက်ခဲ့ရာ ယခုအပြောင်းအရွှေ့ ကာလအတွင်း ကစားသမားကြီး ကြီးမားမား ခေါ်ယူဖွယ်မရှိဖြစ်နေသည်။

နည်းပြသစ်ပီယာလို လက်ထက်တွင် ဂျူဗင်တပ်က ရမ်ဆေး နှင့် ဒိုင်ဘာလာတို့ကဲ့သို့ ကစားသမားများကိုလည်း ရောင်းထုတ်ရန်စီစဉ်နေကြောင်း၊ အသင်းကို  ပြန်လည်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Ref:DailyMail/FootballItalia