PGA ချန်ပီယံရှစ် ပြိုင်ပွဲမှာ မိုရီကာဝါ အနိုင်ရ

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ PGA ချန်ပီယံရှစ် ဂေါ့ဖ်ပြိုင်ပွဲမှာ အမေရိကန်နိုင်ငံသား မိုရီကာဝါ အနိုင်ရပါတယ်။ တနင်္ဂနွနေ့က ယှဉ်ပြိုင်ခဲ့တဲ့ နောက်ဆုံးနေ့ပွဲစဉ်မှာ မိုရီကာဝါက (၆၄)ချက်ရိုက်ခဲ့ပြီး စုစုပေါင်းရိုက်ချက် (၂၆၇)ချက်နဲ့ ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံသား ပေါလ်ကေစီနဲ့ အမေရိကန်နိုင်ငံသား ဒပ်စတင်ဂျွန်ဆင်တို့ကတော့ မိုရီကာဝါကို ဖိအားလိုက်ပေးခဲ့ပေမယ့် စုစုပေါင်းရိုက်ချက် (၂၆၉)ချက်နဲ့ ပူးတွဲဒုတိယသာ ရခဲ့ပါတယ်။ကမ္ဘာ့အဆင့် (၁၂)မှာရပ်တည်နေတဲ့ မိုရီကာဝါအတွက်တော့ ကစားသမား ဘဝ ဒုတိယမြောက် မေဂျာဆုဖလား ဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို မေလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုဗစ်-၁၉ ကြောင့် ဩဂုတ်လကို ရွှေ့ဆိုင်းခဲ့ရသလို ပရိသတ်မပါပဲ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မှုကိုတော့ ကြည့်ရှုသူ သန်းချီရှိခဲ့တယ်လို့ သိရပါတယ်။ BBC