ဖီဖာဥက္ကဋ္ဌရာထူးကို အင်ဖာတီနို ဆက်လက်ထမ်းဆောင်မည်

အင်ဖာတီနိုသည် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုခံနေရစဉ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌရာထူးကို ဆက်လက် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ရှေ့နေချုပ် မိုက်ကယ်လော်ဘာနှင့် လျှို့ဝှက်တွေ့ဆုံခဲ့သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ပြီးခဲ့သည့်သီတင်းပတ်က ဆွစ်ဇာလန်အစိုးရ ရှေ့နေများက အင်ဖာတီနိုကို တရားစွဲဆိုခဲ့သည်။

လော်ဘာနှင့်အင်ဖာတီနိုက  အမှားတစ်စုံတစ်ရာကျူးလွန်ခြင်း မရှိဟု ငြင်းဆိုထားသည်။

တွေ့ဆုံမှုများကို ဖုံးကွယ် ထိမ်ချန်ခဲ့ကြောင်းနှင့် ဖီဖာနှင့် ဆက်စပ်၍ အကျင့်ပျက်ခြစားမှုအပေါ် စုံစမ်းစစ်ဆေးစဉ် အတွင်း ကြီးကြပ်သူများကို လိမ်လည်ခဲ့ကြောင်း တရားရုံးတစ်ခု၏ ပြောကြားမှုခံရပြီးနောက် လော်ဘာ သည် ပြီးခဲ့သည့်သီတင်းပတ်က  ရာထူးမှနုတ်ထွက်သွားသည်။

ဖီဖာ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် အင်ဖာတီနိုသည် အဖွဲ့အစည်းအတွင်း ယုံကြည်မှုပြန်လည် တည်ဆောက်ရန် ကြိုးပမ်းသူဖြစ်ကြောင်း ဖော်ပြခဲ့သည်။  BBC sports