ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ဆေးကုသ
ဝိုင်းမော် ဇူလိုင်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မုတ်လွဲအုပ်စု ခါးရှိကျေးရွာ တိုက်ပွဲရှောင်စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေး သူငယ်များအား ယမန်နေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကျန်းမာရေးနှင့် ဆေးဝါးအခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။ အဆိုပါစခန်းမှာ မိုးတွင်းကာလအတွင်း နာမကျန်းဖျားနာသူများအား ဆေးကုသမှုများ ပြုလုပ်ပေးရန် ပြည်သူလူထု၏ တောင်းဆိုချက်များအရ ပါတီအနေ ဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးကျော် ကျော်အောင်က ပြောသည်။
”COVID-19 ကာလအတွင်း ကျေးရွာပေါင်း ၃ဝကျော်ကို လက်ဆေးဆပ်ပြာများ၊ နှာခေါင်းစည်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့တယ်။ ဒေသခံပြည်သူ လူထုတွေရဲ့ တောင်းဆိုချက်တွေကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ တယ်။ အရင်က ခါးရှိကျေးရွာ စစ်ဘေး ရှောင်စခန်းကိုလည်း ဆန်၊ ဆီ၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေကိုထောက်ပံ့ပေး ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အခုလိုအခမဲ့ဆေး ကုသပေးခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်” ဟု မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော် ကျော်အောင်က ပြောသည်။
ဆက်လက်ပြီး ပါတီအနေဖြင့်လည်း ပြည်သူလူထုများ၏ လိုအပ်ချက်များကို တတ်နိုင်သည့်ဘက်မှ ကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်ချက်များ ရှိပါကလည်း မိမိတို့ပါတီထံ တင်ပြတောင်းဆို နိုင်ကြောင်း ပါတီတာဝန် ရှိသူများက ပြောသည်။ ဝိုင်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ယခုကဲ့သို့ စခန်း၌ လိုအပ်သည့် ဆေးဝါးကုသမှုများကို အခမဲ့ဆောင်ရွက် ပေးခဲ့သည့်အတွက် စခန်းနေပြည်သူများကိုယ်စား ကျေးဇူး တင်ကြောင်း စခန်း တာဝန်ခံဦးငွါးဆာက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၈ စုရှိပြီး လူဦးရေ စုစုပေါင်း ၃၅ဝ ကျော်ရှိသည့် အနက် နာမကျန်း ဖျား နာသူ ၅ဝ ကျော်ကို အခမဲ့ဆေးကုသပေး နိုင်ခဲ့ကြောင်း သိရသည်။EPN