ကျောက်တန်းပြည်ခိုင်ဖြိုးပါတီ ကျေးရွာများ ဆိုင်းဘုတ်များစိုက်ထူ
ရန်ကုန် ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တံတားတိုက်နယ်အတွင်းရှိ ကျေးရွာ ငါးရွာအား ယမန်နေ့ နံနက် ၉ နာရီက ရပ်ကျေးပါတီဆိုင်းဘုတ်များ စိုက်ထူခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပါတီဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး ဦးဆောင် ၍ မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက အောင်ချမ်းသာကျေးရွာ ဦးစောဌေး နေအိမ်၌ နံနက် ၁ဝနာရီ ၉ မိနစ်က လည်းကောင်း၊ တူး မြောင်းကျေးရွာ ဦးမြင့်လွင်နေအိမ် ၌ နံနက် ၁၁ နာရီ ၁၉ မိနစ်က လည်းကောင်း၊ စစ်တန်းကျေးရွာ ဦးသိန်းဝင်း နေအိမ်၌ မွန်းတည့် ၁၂ နာရီ ၁၉ မိနစ်တွင်လည်း ကောင်း၊ ပုတ္တလုတ်ကျေးရွာ ဦး အေးသွင်နေအိမ်၌ မွန်းလွဲ ၃ နာရီ ၉ မိနစ်က လည်းကောင်း၊ ကဒပ္ပနကျေးရွာ ဦးစိန်အေး နေအိမ်တို့တွင် လည်းကောင်း ပါတီဆိုင်းဘုတ် များ စိုက်ထူခဲ့ကြောင်း သိရသည်။ ကျော်ဌေး(ကျောက်တန်း)