ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူး ဘောလည်ကျွန်းဒေသ ဘုန်းတော်ကြီးများအား ဝါဆို သင်္ကန်းကပ်လှူ အာဟာရမုန့် အချိုရည်လှူဒါန်း COVID-19 ရောဂါကာကွယ်ရေးဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယနေ့ နံနက် ၈ နာရီက မဲပလီကျေးရွာ အုပ်စုရှိ ဘုန်းတော်ကြီးကျောင်းဆရာတော် ဓာတ္တော်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့ကို ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ အာဟာရမုန့်နှင့် အချိုရည်တို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးရွာပါတီဥက္ကဋ္ဌ၊ ပါတီဝင်များနှင့်ရပ်မိရပ်ဖတို့က COVID-19 ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Mask  နှာ ခေါင်းစည်းများပေးအပ်ခြင်း၊ ကိုဗစ်ရောဂါ ဖြစ်စဉ်များအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။