သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပါတီဝင်များနှင့်တွေ့ဆုံ

 

၂၂. ၇. ၂၀၂၀ နေ့ ညေန ၂ နာရီချိန်တွင် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦစန်းနိုင်၊ နယ်မြေတာဝန်ခံ ဦးခင်မောင်သန်းတို့သည် ကျောက္ကလပ်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးကိုကိုနိုင်, အတွင်းရေးမှူးဦး ကျော်ဝင်းအဖွဲ့ဝင် ကိုခင်မောင်သိန်း၊ လူငယ်ခေါင်းဆောင် ကိုထင်ဇေယျာလင်းတို့်နှင့် တွေ့ဆုံပြီး ၂၀၂၀ ကာလမိမိပါတီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပါတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။ ထို့နောက် COVID. 19 ကာလ မိမိတို့အုပ်စုရှိ အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင်လည်း လိုအပ်ချက်များကို သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ရန်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် COVID. 19. ကာလစားသောက်ရေး ခက်ခဲရှိသော သက်ကြီးဖိုး ဘွားအိမ်ထောင်စု (၅) စု အားဆန် (၆) ပြည် ၊ ဆီ (၅၀)သား၊ ကြက်သွန်နီ တပိတ်သာ နှင့် ပါတီဗဟိုဥက္ကဋ္ဌကြီး၏ ဓာတ်ပုံတို့ကို အိမ်အရောက်သွား၍ ထောက်ပံ့ပေးအပ်ခဲ့သည်။ ပါတီဝင်များ ပါတီ မိတ်ဆွေများကိုလည်း တစ်အိမ်တက်ဆင်းပြုလုပ်ကာ ပါတီဗဟိုဥက္ကဋ္ဌကြီး၏ ဓာတ်ပုံးများလက်ဆောင် ပေးအပ် ခဲ့သည်။ ထို့နောက်ဥက္ကဋ္ဌသည် ကျွဲသောက်အုပ်စု သရက်ပင်ကွင်းအုပ်စု ပါတီဥက္ကဋ္ဌများနှင့်လည်း တွေ့ဆုံပြီပါတီ၏ ယနေ့မှစ၍ ပါတီ၏ဆောင်ရွက်ရမည့်ကိစ္စများအားဆွေးနွေးခဲ့သည်။ Rakhine USDP