သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးဒေသခံများအား ဆန် ဆီနှင့် ကြက်ဥများ ထောက်ပံ့ ပေးအပ်

သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီ ဝင်ဦးသိန်းဇော်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစောမျိုးမင်းဌေး ဦးဆောင်ကာ ယမန်နေ့ မွန်းတည့် ၁၂နာရီက ဇရစ် ချောင်ကျေးရွာအုပ်စုရှိ ပါတီအမာခံများအား COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အဆင်ပြေနိုင် စေရေးအတွက် တစ်ဦးလျှင် ဆန် သုံးပြည်၊ ဆီတစ်ဘူး၊ ကြက်ဥခုနစ် လုံးစီ စုစုပေါင်း ဆန်သုံးပြည်အိတ် ၄၁အိတ်၊ ဆီဘူး၄၁ဘူးနှင့် ကြက်ဥ ၂၈၇လုံးအား ပေးအပ်ထောက်ပံ့ ခဲ့သည်။