ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံသို့ PPE နှင့် Mask များ လှူဒါန်း

ကျောက်ပန်းတောင်း ဇူလိုင် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ယနေ့နံနက် ၁ဝ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ် ကုတင် (၅ဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများနှင့် Mask များလှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဦးက လက်ခံရယူခဲ့သည်။ ယင်းနောက် ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

ယင်းပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ ဒုတိယ ဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ပါတီဗဟိုကော်မတီဝင် ဦးတင်ဦးလွင်၊ ကျောက်ပန်းတောင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။