ရော်နယ်ဒိုရဲ့ဟိုတယ်(၂)လုံးကို ယာယီဆေးရုံအဖြစ် သုံးခွင့်ပေးမယ့်သတင်းကို ငြင်းဆို

လစ္စဘွန်းမြို့ကဟိုတယ်နဲ့ မက်ဒီးရားကျွန်းရဲ့မြို့တော် ဖန်ချယ်က ကြယ်(၄)ပွင့်အဆင့်ရှိ သူပိုင် ဟိုတယ်တို့ကို ကိုရိုးနားဗိုင်းရပ်စ် ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေးအစီအစဉ်အတွက် ယာယီဆေးရုံအဖြစ် ရော်နယ်ဒို သုံးခွင့်ပေးမယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဟိုတယ်ဝန်ထမ်းတစ်ဦးက ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို မာကာသတင်းစာကစတင်ရေးသားခဲ့ပြီး ဟိုတယ်ဝန်ထမ်းများမှာ သတင်းသမားတွေရဲ့ဖုန်းဆက်မေးမြန်းမှုကို မကြာခဏ ဖြေရှင်းနေရတယ်လို့လည်းဆိုပါတယ်။ လစ္စွဘွန်းမြို့ CR7ဟိုတယ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒတ်ခ်ျမီဒီယာ တစ်ခုကို ပြောရာမှာ သူတို့ရဲ့ဟိုတယ်ဟာ ဟိုတယ်အဖြစ်ပဲ ဆက်ရှိမယ်လို့ဆိုပါတယ်။ ဆေးရုံအဖြစ် ပြောင်းသုံးမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ skysports