ပုဒ်မ ၅၀၅(ခ) ဖြင့် ပြစ်ဒဏ် (၂) နှစ်ချမှတ်ခြင်းခံရသော ရွှေဘိုခရိုင်ဥက္ကဌ၏ ဇနီးအားသွားရောက် တွေ့ဆုံအားပေး
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်နှင့် အဖွဲ့သည် ၁၃း၃၀ နာရီအချိန်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ် (၂) နှစ် ချမှတ်ခြင်းခံရသော ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး၏ဇနီး ဒေါ်သန်းသန်း ခိုင်အား ဝက်လက်မြို့ရှိ နေအိမ်သို့ သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီးလိုအပ်သည့် ပံ့ပိုးကူညီ ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။