ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျုံဒိုးမြို့ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

ကော့ကရိတ်၊ သြဂုတ် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင်များသည် ရေကြီးနစ်မြုပ် မှုဒဏ်ခံစားခဲ့ရသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ရေဘေးသင့် ပြည်သူများအား ကျုံဒိုးမြို့ ဓမ္မသုခရသေ့ကျောင်း၌ သြဂုတ်လ ၂၀ ရက်နေ့ မွန်လွဲ ၃ နာရီခွဲအချိန်က ကူညီကယ်ဆယ်ရေး ပစ္စည်းမျာအား ပေးအပ်လှူဒါန်းခဲ့သည်။

ရှေ့ဦးစွာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ ကူညီ ကယ်ဆယ်ရေး ပစ္စည်းများအား ပေးအပ်ခဲ့သည်။ ယင်းနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ကရင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးတို့မှ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ရေဘေးသင့်ပြည်သူများမှ လက်ခံရယူ ကြသည်။ ဆက်လက်ပြီး ရေဘေးသင့် ပြည်သူများကိုယ်စား ကျုံဒိုးမြို့ ရပ်ကွက်(၁) မှ ဦးစောဝင်းခိုင်မှ ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား ပြီးဆုံးခဲ့သည်။