အာရှ စတော့ဈေးကွက်များ တက်လာ

အမေရိကန်-တရုတ် ကုန်သွယ် ဆွေးနွေးပွဲတွေ ပြန်စမယ့် အရိပ်အယောင် ပြလာချိန်မှာ အာရှစတော့ ဈေးကွက်တွေ တက်လာခဲ့ပါတယ်။ ဟောင်ကောင် ဟန်ဆန်းညွှန်းကိန်းဟာ တနင်္လာနေ့ ဈေးကွက်ဖွင့်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ၁ ဒသမ ၀၁ ရာခိုင်နှုန်း တက် သွားခဲ့ပါတယ်။ တရုတ်ဈေးကွက်တွေမှာလည်း ရှန်ဟိုင်း ကွန်ပိုးဆစ်က သုည ဒသမ ၄၁ ရာခိုင်နှုန်း တက်ခဲ့ပြီး ရှန်ကျန်းကွန်ပိုးဆစ်က တော့ ၁ ဒသမ ၁ ရာခိုင်နှုန်းအထိ တက်ခဲ့ပါတယ်။ အလားတူ ဂျပန် စတော့ ဈေးကွက်တွေလည်း တက်ခဲ့ပါတယ်။ နစ်ခေး ၂၂၅ ညွှန်းကမိန်းဟာ သုည ဒသမ ၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး တိုပစ်ဇ် ညွှန်းကိန်းကတော့ သုည ဒသမ ၆၈ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ဂျပန် စတော့ ဈေးကွက်တွေ တက်လာတာ အမေရိကန်-တရုတ် ကန်သွယ်ရေး ဆွေးနွေးပွဲတွေအပြင် ဝါရှင်တန်မှာ ကျင်းပ နေတဲ့ အမေရိကန်-ဂျပန် ဝန်ကြီးအဆင့် ကုန်သွယ်ရေး ဆွေးနွေးပွဲတွေရဲ့ အကျိုးသက်ရောက်မှုလည်း ပါဝင်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ one news