မြောက်ကိုရီးယား ရေငုတ်သဘောင်္သစ်တစ်စီးကို ခေါင်းဆောင် ကင်ဂျုံအန် ကြည့်ရှုစစ်ဆေး

တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ ကျင့်မှုများက နျူဆွေးနွေးညှိနှိုင်း မှုများကို တိမ်းစောင်းစေနိုင် ကြောင်း မြောက်ကိုရီးယားနိုင်ငံ က သတိပေးပြီး တစ်ပတ်အကြာတွင် ခေါင်းဆောင် ကင်ဂျုံအန် သည် ရေငုပ်သင်္ဘောသစ်တစ်စီး ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းသင်္ဘောသစ်ကို ဂျပန် ပင်လယ်ဟု လူသိများသော အရှေ့ပင်လယ်တွင် ဖြန့်ကြက်မည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ပြော သည်။ သို့သော် ရေငုပ်သင်္ဘော၏ အသေးစိတ်အချက်အလက်များ (သို့မဟုတ်) ကင်ဂျုံအန် သွားရောက် စစ်ဆေးခဲ့သော နေရာကို KCNA က ဖော်ပြခြင်း မရှိပေ။

လာမည့်လတွင် ကျင်းပမည့်တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲစစ် ရေးလေ့ကျင့်မှုများသည် ဇွန်လ ၃၀ ရက်က ကင်ဂျုံအန်နှင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံစဉ် အတွင်း ရရှိသော သဘောတူညီချက်တစ်ရပ်အပေါ် သက်ရောက်မှုရှိမည်ဟု ပြုံယမ်းက သတိပေးပြီးနောက် ယခု သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း ကင်ဂျုံအန်နှင့် ထရန့်သည် အလုပ်သဘော အဆင့် နျူကိစ္စဆွေး နွေးညှိနှိုင်းရန် သဘောတူခဲ့သည် ဟု ဆိုသည်။ သို့သော် ဇွန်လ ၃၀ ရက် နောက်ပိုင်း နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှု မရှိသေးပေ။ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့နိုင်ငံသို့ ကျူးကျော် ဝင်ရောက်ရန် ပြင်ဆင်ခြင်းအဖြစ် မြောက်ကိုရီးယား အစိုးရက ရှုမြင်လေ့ရှိသည်။

—Ref: AFP