ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အမှတ် (၁ဝ) ရပ်ကွက်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ခရမ်းမြို့ အမှတ် (၁ဝ) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ၏ နေအိမ်တွင် ပြုလုပ်ရာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပါတီဆိုင်းဘုတ်ကို နံနက် ၉ နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဆိုင်းဘုတ်တင်ခြင်းကို ဦးစွာပြုလုပ်ပြီး၊ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက ယခုတက်ရောက် လာကြသူများနှင့် ပါတီဝင်အသစ် များအား ကြိုဆိုပါကြောင်း၊ ကျေးဇူးတင်ဝမ်းမြောက်ကြောင်းနှင့် ပါတီဝင်များအနေဖြင့် ရှေ့ဆက်ပြီး အောင်နိုင်ရေး အတွက် ညီညီညွတ်ညွတ် လက်တွဲပြီးကြိုးစား ဆောင်ရွက်သွားကြရန် အမှာစကား ပြောကြားပြီး ပါတီဝင်အဆို ပြုလွှာများကို လက်ခံရယူကာ အခမ်းအနားကို နံနက် ၉ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။မျိုးဇော်ဦး(ခရမ်း)