လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်း စကားဝိုင်းကျင်းပ ပါတီဝင်သစ်များ စုစည်း

 

နေပြည်တော် ဇွန် ၂၅

ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် သရက်ကုန်း ကျေးရွာအုပ်စု ရသေ့ချောင်းကျေးရွာ ရွာခွဲခေါင်းဆောင် ဦးတင်ရွှေ နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ပါတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့် ရေနွေးကြမ်း စကားဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းကို ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေဝင်းက ယနေ့နိုင်ငံရေး အခြေအနေနှင့် စီးပွားရေး၊ ဘာသာရေး အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းကိစ္စကို အကျယ်တဝင့် ရှင်းလင်း ခဲ့သည်။ ထို့နောက် မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်တင်နွယ်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင် ဒေါ်ခင်မာဆွေ တို့က ၂ဝ၂ဝ ပါတီအောင်နိုင်ရေးနှင့် ပါတီဝင်သစ်များ တိုးပွားရေးဆွေး နွေးခဲ့ကြပြီးနောက် ပါတီဝင်သစ် ၃၂ ဦး၏ အဆိုပြုလွှာများ ဖြည့် စွက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)