ဖြိုးစေတနာနယ်လှည့် ကျန်းမာရေးအခမဲ့ ဆေးကုသအဖွဲ့ ကျောက်တန်းမြို့နယ် တွင်းသို့ ကွင်းဆင်းကုသ
ရန်ကုန် ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးလျှက် ခရိုင်အတွင်း မြို့နယ်အသီးသီးရှိ သွားလာမှု ခက်ခဲပြီး ဝေလံခေါင်းဖျားနေရာများသို့ အိမ်တိုင်ရာရောက် အခမဲ့ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု များအား ပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီက ကျောက်တန်းမြို့နယ် ပုတ္တလုပ်ကျေးရွာရှိ မင်္ဂလာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်းတွင် ဒေါက်တာရီရီဝင်း ဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်ဆေးကုသ အဖွဲ့ သွားရောက်ကွင်းဆင်း ကုသပေး ခဲ့သည်။
ထိုဆေးကုသရာသို့ ကျေးရွာရှိဒေသခံ ပြည်သူများ၊ အနီးဝန်းကျင် ထိစပ်ကျေးရွာများမှ ဒေသခံများ၊ ဘုန်းတော်ကြီး များလာရောက်ကုသ ခဲ့ကြရာ ရာသီတုပ်ကွေးကြောင့် ဖြစ်တတ်သည့် ရောဂါများ၊ သွေးတိုးရောဂါသည်များ၊ ဆီးချို ရောဂါသည်များ၊ အဖျားရောဂါများ၊ ခေါင်းမူးခေါင်းကိုက် ဝေဒနာရှင်များ စသည့် လူနာပေါင်း (ကျား/မ) ကလေး အပါအဝင် ၁ဝဝ ကျော် လာရောက်ပြသ ကုသခဲ့သည်။
အဆိုပါ ဆေးကုသရေး လုပ်ငန်းစဉ်များအား တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးရန်နိုင်ဆွေနှင့်အဖွဲ့၊ ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌများနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မြတ်ဟိန်းကျော်(ကော့မှူး)