ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 

ဖာပွန် ဇွန် ၂၃

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ပါတီရေးရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ပါတီဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစောမြင့် ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်း နိုင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီ နာယကများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင် ပြည်နယ် ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က အမှာ စကားပြောကြား ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်(ဖာပွန်)