သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်
ရန်ကုန် ဇွန် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အနောက်ကျေးရွာတွင် ပြီးခဲ့သော ရက်သတ္တပတ်က ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း ကျေးရွာပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌက ကိုယ်တိုင်လာရောက် ပြောကြားပြီး ကျေးရွာအတွင်း ခြင်ဆေးဖျန်းပေးရန် မြို့နယ်ပါတီရုံးသို့ လာရောက်အကူအညီ တောင်းသောကြောင့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၏ ခွင့်ပြုချက်ကိုယူကာ လူငယ်တာဝန်ခံ ကိုရဲသီဟ၊ လူငယ်အဖွဲ့ဝင် ကိုအောင်ဝင်းလှိုင်နှင့် ကျေးရွာပါတီဥက္ကဋ္ဌကိုကျော်မင်းနိုင်တို့က ယမန်နေ့မွန်းလွဲ ၁ နာရီခွဲမှ ၂နာရီ ၃၅မိနစ်ထိ ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်နှင့်ကျေးရွာ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ခြင်ဆေးပက်ဖျန်း ပေးခဲ့ပြီး မွန်းလွဲ ၃ နာရီမှ ၃ နာရီ မိနစ် ၂ဝ ထိ ကျောင်းလွှတ်ပြီးချိန်တွင် ကျောင်းတွင်း၊ ကျောင်းပြင်ပနေရာ များတွင် ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်း(သုံးခွ)