ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံ
ရန်ကုန် ဇွန် ၁၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ၊ ပါဒကြီး ငါးထပ်ကြီးဘုရားတန်ဆောင်း အတွင်းတွင် ကျောက်တန်းမြို့နယ် ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တောင်ပိုင်း ခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးမှ ကျောက်တန်း မြို့နယ်ဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့သည်။
ဆက်လက်၍ ကျောက်တန်းမြို့နယ် မြို့မိမြို့ဖတစ်ဦးမှ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် တာဝန်ရှိသူများကို ကြိုဆို နူတ်ခွန်းဆက် စကားပြောကြား ခဲ့သည်။ ထို့နောက် ဒေသခံပြည်သူများမှ လက်ရှိဖြစ်ပေါ်နေသည့် တောင်သူ လယ်သမားအရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် လူတစ်ဦးလျှင် ကလေးနှစ်ယောက် မွေးစားပိုင်ခွင့် ကိစ္စ ရပ်များနှင့် ပတ်သက်ပြီး သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီမှ ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့သည်။
၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တက်ရောက်လာသည့် ဒေသခံပြည်သူ များ၏ မေးမြန်းမှုများအပေါ် ထပ်ဆင့်ပြန်လည်ရှင်း လင်းတင်ပြခဲ့ပြီးနောက် နိဂုံးချုပ်အမှာစကား ပြောကြာခဲ့ပြီး
အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး
ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်းအတွင်းရေးမှူး ဦးကျော်စိုး၊ တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်လေးခရိုင်မှ ဥက္ကဋ္ဌများနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ကော်မတီဝင်များ၊ ရပ်မိရပ်ဖ ပြည်သူများနှင့် ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။