ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်းသို့ မန္တလေးဒေသကြီး မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက်

 

ဇွန် ၁၃

ယမန်နေ့ (၁၃.၆.၂၀၁၉) ရက်နေ့ နေလည် (၁:၃၀) အချိန်တွင် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေနွေးကြမ်းစကားဝိုင်းကို ကျောက်တလုံးကျေးရွာတွင် ကျင်းပပြီး ၎င်းစကားဝိုင်းသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ တက်ရောက်ဆွေးနွေး ခဲ့ပြီးနောက် ငါန်းဇွန်မြို့နယ် ပြည်ခိုင်ပါတီမြို့နယ် အတွင်းရေးမှူး ဦးစိုးနိုင်က မိမိဒေသအကြောင်း ရှင်းလင်း ခဲ့သည်။ စကားဝိုင်းတွင် ကျောက်တလုံးအုပ်စုနှင့် ရွာသစ်အုပ်စုတို့မှ ရပ်မိရပ်ဖများ ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီဝင် တက်ရောက်ခဲ့ပြီး စကားဝိုင်းကို ညနေ (၂:၄၅ ) နာရီအချိန်တွင် ကျင်းပခဲ့သည်။ ထို့နောက် ပန်းရွာကျေးရွာ အုပ်စုတွင် ညနေ (၃:၁၅) နာရီရေနွေးကြမ်း စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ ပန်းရွာအုပ်စုနှင့် ခြသေ့င်္ လက်အုပ်စုတို့မှ ရပ်မိရပ်ဖများ ပါတီခေါင်ဆောင်များ တက်ရောက်ခဲ့ပြီး ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ပါတီကော်မတီဝင် ဦးသန်းဝင်းမှ ဒေသအကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး စကားဝိုင်းကို ညနေ(၄:၃၀) နာရီတွင် ကျင်းပခဲ့သည်။

၎င်းစကားဝိုင်းများကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါ တီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ ဧည့်သည်အဖြစ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှမင်း၊ မြင်းခြံခရိုင်ပါတီဥက္ကဌ ဦးကျော်တင်၊ ငါန်းဇွန်မြို့နယ် ပါတီဥက္ကဌ ဦးကိုကို၊ အတွင်းရေးမှူး ဦးစိုးနိုင်နှင့်မြို့နယ်ပါတီ ကော်မတီဝင် ၎င်းကျေးရွာများ ပါတီ ခေါင်ဆောင်များ၊ ပါတီမိတ်ဆွေ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ USDP Mandalay