စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

စလင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက စလင်းပြည်ခိုင်ဖြိုး ပါတီ၏ ပုံမှန်လပတ် အစည်းအဝေး ကျင်းပခဲ့သည်။ ရှေးဦးစွာ စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေး စာကိုဖတ်ကြားသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဇော်နိုင်က စလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်များ စိုက်ထူထားရှိရန် မှာကြားသည်။

ယင်းနောက် ပုံမှန်လပတ် အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များက ပါတီအောင်နိုင် ရေးကိစ္စရပ်များနှင့် ၄င်းတို့ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးရာ ပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် ပုံမှန်လပတ် အစည်းအဝေးကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာရုပ်သိမ်း လိုက်ကြောင်း သိရသည်။

စစ်ကြည်(စလင်း)