မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်းစကားဝိုင်းနှင့် ဆပ်ပြာရည်ချက် သင်တန်းပေး
မိုးမိတ် ဇွန် ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်ဌေးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ ညနေ ၄နာရီခွဲက တောင်ကိုင်းကျေးရွာအုပ်စု ဒိုးပင်ကျေးရွာ မြို့နယ်ပါတီ ကော်မတီဝင် ဦးမြသောင်းနေအိမ်တွင် ကျေးရွာအိမ်ထောင်ရှင် အမျိုးသမီး ၂ဝ တို့ နှင့်တွေ့ဆုံသည်။
ဆက်လက်၍ ရေနွေးကြမ်း စကားဝိုင်းပြုလုပ်ပြီး အိမ်သုံးဆပ်ပြာရည်ချက် သင်တန်းအား (၂၂) ရက်မြောက်နေ့ အဖြစ် လက်တွေ့ချက်လုပ် ပြသခဲ့ကြောင်း သိရသည်။
ခင်မိုးမိတ်