အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာကွန်ကရစ် လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း
အမရပူရ ဇွန် ၁ဝ
အမရပူမြို့နယ် ရဲလွန်းကျော်ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက အမရပူရ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ်များအား အဆိုပါ ကျေးရွာသို့ သွားရောက်လှူဒါန်း ခဲ့သည်။ ထိုသို့ လှူဒါန်းရာသို့ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ လိုက်ပါကူညီဆောင်ရွက်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့် အဖွဲ့သည် ရဲလွန်းကျော် ကျေးရွာ ရွာလယ်လမ်း ကွန်ကရစ်ခင်းကျင်းရန် အတွက် မြို့နယ်ပါတီမှ လှူဒါန်းသော ဘိလပ်မြေအိတ် ၂ဝ အား လမ်းဖြစ်မြောက်ရေး ကော်မတီထံ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် အဆိုပါကျေးရွာမှ ကျေးရွာပါတီ ကော်မတီဝင် ဦးမောင်မောင်ကျော်၏ နေအိမ်၌ ကျေးရွာပါတီအဖွဲ့၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဝိုင်းဖွဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအား အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သုတ(မန္တလေး)