မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာအုပ်စု ရှားပင်ကျေးရွာတွင် ခရိုင်ပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ကင်းတပ်စံပြကျေးရွာအုပ်စု ရှားပင်ကျေးရွာတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဆင့်နှင့် ရွာမိရွာဖ ဦးကျော်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း သားသင်တန်းသူ ၃၄ ဦး တက်ရောက်ကြရာ သင်တန်းကာလမှာ တစ်လဖြစ်ကြောင်း သိရသည်။
ငြိမ်းငြိမ်းအေး(မော်လိုက်)