မအူပင်ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်း စကားဝိုင်း ကျင်းပ
မအူပင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော ကျေးလက်ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် အဂါး ကျေးရွာအုပ်စု စကားလွန်းကျေးရွာရှိ ကျေးရွာပါတီဥက္ကဋ္ဌ ဦးစိန်မြင့် နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စကားဝိုင်းသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ အဂါးကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ပါတီဝင်များ တက်ရောက်ခဲ့ပြီး ပါတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်ဇော်(မအူပင်)