လီဗာပူး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပါက ပေါင်သန်း ၁ဝဝ ခန့် စံချိန်တင်ရရှိမည်

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားသာ ရရှိခဲ့မယ်ဆိုရင် ပေါင်သန်း ၁၀၀ လောက် ရရှိနိုင်မယ့် အခြေအနေ ရှိပါတယ်။ ဒီငွေပမာဏဟာ အင်္ဂလိပ်ဘောလုံးသမိုင်းတလျှောက် အများဆုံးရရှိမယ့် ငွေပမာဏလည်း ဖြစ်ပါတယ်။

လီဗာပူးအနေနဲ့ စပါးကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် ပေါင် ၉၄ သန်းလောက် ရနိုင်မှာလည်း ဖြစ်ပါတယ်။ ပြိုင်ဘက်စပါးအသင်းကတော့ ဗိုလ်စွဲခဲ့မယ်ဆိုရင် ပေါင် ၉၃ သန်း ရရှိမှာဖြစ်ပြီး ရှုံးခဲ့ရင်လည်း ပေါင် ၈၉ သန်းလောက်တော့ အနည်းဆုံး ရရှိမှာဖြစ်ပါတယ်။ ဒီပမာဏတွေဟာ သမိုင်းတလျှောက် ဘယ်အင်္ဂလန်ကလပ် အသင်းမှ မရဘူးသေးတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေထံကနေ အသားတင်ရရှိတဲ့ အမြတ်ငွေ ဖြစ်ပြီး နိုင်ငံတကာမှာပြသတဲ့ ရုပ်သံလွှင့်ခွင့်နဲ့ ပြည်တွင်းမှာပြသတဲ့ ရုပ်သံလွှင့်ခွင့် အပါအဝင် တခြားဝင်ငွေတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ 

-Ref:Skysport