(၁၆၇) ကြိမ်မြောက် မြို့ကုန်းဘုရားပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်း လောင်းလှူ
မလှိုင် မေ ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်တိုက်နယ် ညောင်အုပ်အုပ်စုမြို့ ကုန်းကျေးရွာရှိ သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ ယမန်နေ့ တွင် နှစ်စဉ် ကဆုန်ညောင်ရေသွန်း လောင်းလှူပွဲအဖြစ် ကျင်းပလေ့ ရှိသည့် (၁၆၇) ကြိမ်မြောက် မြို့ကုန်းဘုရားပွဲတွင် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ရွှေသင်္ကန်းဖိုးအလှူငွေ ထည့်ဝင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ သိရသည်။ မလှိုင်မြို့နယ်ရှိ မြို့ကုန်းသမိုင်း ဝင်ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးအား ကဆုန်ညောင်ရေသွန်း ပွဲအဖြစ် မြို့ကုန်း ဘုရားပွဲ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၁၆၇) ကြိမ်ရှိပြီဖြစ်ပြီး နှစ်စဉ်ကဆုန်လဆန်း ၁၃ ရက်မှ လပြည့်နေ့အထိ မြို့ကုန်းကျေးရွာ အနီးအနားရှိ ဒိုင်နှစ်ဆယ်ပါတ်လည် (ဒေသအခေါ်) မှ ကျေးရွာများမှ ဆွမ်းဆန်စိမ်း လောင်းလှူ ခြင်း၊ အလှည့်ကျ ညောင်ရေသွန်း လောင်းခြင်းများ ဆောင်ရွက်လေ့ရှိသည်။ အဆိုပါ မြို့ကုန်းဘုရားပွဲဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီဝင် ၂ဝ ခန့်က ဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ရွှေသင်္ကန်းဖိုး ကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲသို့ ဒေသခံပြည်သူ ၅ဝဝ ခန့် လောင်းလှူခဲ့ကြောင်း သိရသည်။ ဘိုဘို(မလှိုင်