ဗီယက်နမ်က အာဖရိက၀က်တုပ်ကွေး ကူးစက်ခံနေရသော ၀က်အကောင်ရေ ၁.၂ သန်းကို သုတ်သင်

ဗီယက်နမ်သည် အာဖရိက၀က်အပြင်းဖျားရောဂါကူးစက်ခံထားရသော မွေးမြူရေး ၀က်အကောင်ရေ ၁.၂ သန်း ကျော်ကို သုတ်သင်ခဲ့ကြောင်း အစိုးရအဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၉၅ သန်းရှိသော ဗီယက်နမ်တွင် အသားစားသုံးမှု၏ လေးပုံသုံးပုံထိ ၀က်သားကို စားသုံးကြကာ မွေးမြူရေး ၀က်အကောင်ရေ သန်း ၃၀ ကို စားသုံးကြသည်။ ရောဂါပိုးကို ဖေဖော်ဝါရီလတွင် စတင်တွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးမှာ ဒုံနိုင်ပြည်နယ် အပါအ၀င် ပြည်နယ် ၂၉ ခုသို့ ကူးစက်ပျံှ့နှဲ့ခဲ့သည်။ ၀က်အသေများအား မြှုပ်နှံရန်နေရာနှင့် ငွေကြေး အခက်အခဲတွေကြောင့် ရောဂါကူးစက်ခံထားရသည့် ၀က်များကို နည်းလမ်းမှန်မှန်ဖြင့် သုတ်သင်နိုင်ခြင်း မရှိကြောင်း ဗီယက်နမ်အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အာဖရိက ၀က်အပြင်းဖျားရောဂါသည် တရုတ်နိုင်ငံ တွင်လည်း လျင်မြန်စွာကူးစက်ပြန့်ပွားနေသည်။

-Ref: Reuters