ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရေနွေးကြမ်း စကားဝိုင်းပြုလုပ်

 

ပုသိမ်ကြီး မေ ၁၂

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒဟတ္တောကျေးရွာ ပါတီ ဥက္ကဋ္ဌ ဦးမင်းသန်းဦး၏ နေအိမ်တွင် ယမန်နေ့ နံနက်က ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်ခိုင် (နယ်မြေမှူး)၊ ဦးအောင်ကျော်မျိုးမင်း (လူငယ်တာဝန်ခံ)၊ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးမင်းသန်းဦးနှင့် ပါတီကော်မတီဝင်များ၊ ပါတီကေဒါများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်အား ပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများက အမွှေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ရာ ဦးကိုကိုလွင်က မိမိတို့ ပါတီ၏ ဆောင်ရွက်နေမှုများနှင့်သဘောထားများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။ ဆက်လက်ပြီး ဦးဆွေသန်းက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများကို ဆွေးနွေး ရာ တက်ရောက်လာသူများက ၄င်းတို့အမြင်များ အားအပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရ သည်။  ရိုးဆန်း