မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီများနှင့် တွေ့ဆုံပွဲ ကျင်းပ
မအူပင် မေ ၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော မအူပင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီ၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ဆက်လက်ဆောင် ရွက်ရမည့် လုပ်ငန်းများ၊ ယနေ့ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေများအား ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဖြိုးမောင်ဇော်(မအူပင်)