ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် စပါးကြီးကျေးရွာရှိ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ
မေ ၈၊ ငပုတော
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး ဗဟိုကော်မတီဝင်များသည် ၇.၅.၂၀၁၉ ရက်နေ့ တွင် ငပုတောမြို့နယ် စပါးကြီးကျေးရွာရှိ လူငယ်ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဖြင့် လူငယ်များ သိလိုသည်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။