ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသတင်းထုတ်ပြန်ရေးအဖွဲ့နှင့်ပြည်နယ်အတွင်းရှိ သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

 

ဘားအံ ဧပြီ ၂

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် ပြည် နယ်အတွင်းရှိ သတင်းမီဒီယာအဖွဲ့ များတွေ့ဆုံမိတ်ဆက်ခြင်း အခမ်း အနားကို ဘားအံမြို့ရှိ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ယမန်နေ့ကကျင်းပရာ ပြည် နယ်အတွင်းရှိ သတင်းမီဒီယာ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြ သောသတင်းမီဒီယာသမားများက သိလိုသည်များအားမေးမြန်းကြရာ ကရင်ပြည်နယ် သတင်းထုတ်ပြန် ရေးအဖွဲ့ဝင်များဖြစ်ကြသော ကရင် ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအထွေ ထွေအတွင်းရေးမှူးဦးစန်းကို၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောထူးကပေါ်နှင့်ပြည်နယ်သတင်း တာဝန်ခံဦးအောင်သန်းဦး၊ ပြည် နယ်ကော်မတီဝင် ဦးစောမြဝင်းတို့ က မေးမြန်းသည်များအား ရှင်း လင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။