ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ကယားပြည်နယ်တာဝန်ခံ ပြည်နယ် ခရိုင် မြို့နယ်ပါတီများနှင့် ညှိနှိုင်းစည်းဝေးပွဲကျင်းပ

 

လွိုင်ကော် ဧပြီ ၂

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ခိုင်ဖြိုး ပါတီဗဟိုအတိုင်ပင်ခံ၊ ကယားပြည်နယ်တာဝန်ခံဦးဝင်းမြင့်နှင့် ပြည်နယ် ခရိုင် မြို့နယ်ပါတီများ၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။

ပထမဦးစွာ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ် သည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင် ပင်ခံကယားပြည်နယ်တာဝန်ခံဦးဝင်းမြင့်က လမ်းညွှန် အမှာစကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီ ဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက ပါတီရှေ့လုပ်ငန်းစဉ် များ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွေ့အကြုံများ ကို ရှင်းလင်းဆွေးနွေးသည်။ ကယားပြည်နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးကျော်မြင့်က ပါတီရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး ဆုံးဖြတ်ချက်များအား ရှင်းလင်းခဲ့သည်။

ထို့နောက် ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့် မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများမှ နယ်မြေအခြေအနေများ၊ စည်းရုံး ထားမှု အခြေအနေများ အသီးသီးတင်ပြဆွေးနွေးကြ သည်။ တင်ပြမှု အသီးသီးအား ကယားပြည်နယ် တာဝန်ခံဦးဝင်းမြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသွားသည်။

ယနေ့ကျင်းပသော ဗဟိုအတိုင်ပင်ခံနှင့် ပြည်နယ် ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ကယားပြည်နယ် တာဝန်ခံဦးဝင်းမြင့်၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌဦးပိုးရယ် အောင်သိန်း၊ ပြည်နယ်ပါတီနာယကများ၊ ပြည်နယ် ပါတီအတွင်းရေးမှူးဦးကျော်မြင့်၊ ပြည်နယ်ကော်မတီ ဝင်များ၊ လွိုင်ကော်ဘောလခဲခရိုင်နှင့် မြို့နယ် ခုနစ် မြို့နယ်မှ ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက် ရောက်ခဲ့ကြောင်းသိရသည်။

မမောင်(ချိကယ်သူ)