ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်းစရာဟောပြောဆွေးနွေးပွဲ မအူပင်မြို့နယ်တွင်ပြုလု

 

မအူပင် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေသိကောင်း စရာဟောပြောဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီမှစတင်လျက် မအူပင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး မျိုးဆက်အားမာန်ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို ၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းက အမှာ စကားပြောကြားခြင်း၊ မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်က မိတ်ဆက်စကားပြောကြားခြင်း၊ ညောင်တုန်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်မြ သန်းနှင့် မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ နာယက ဦးဝင်းနိုင်ကျော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေသိကောင်းစရာများ ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် မအူပင် ခရိုင်တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးရန်နိုင် နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုများမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ပါတီဝင်များ စုစုပေါင်းအင်အား ၂၅ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရ သည်။

ဖြိုးမောင်ဇော်(မအူပင်