ဖရီးကစ်ကန်ရာတွင် ရော်နယ်ဒို၏ အကြံဉာဏ်ကို ရယူခြင်း မရှိဟု ဂါရတ်ဘေးလ် ပြော

bale.jpg.size_.custom.crop_.1086x725

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အလွတ်တည်ကန်ဘောမှ တစ်ဆင့် ဂိုးနှစ်ဂိုး သွင်းယူထားသည့် ဝေးလ်စ်အသင်းကြယ်ပွင့် ဂါရတ်ဘေးလ်က ယခုပြိုင်ပွဲ၌ ဂိုးပေါက် ပျောက်နေသော ၎င်း၏ ရီးရဲလ်အသင်းဖော် ရော်နယ်ဒိုထံမှ အကြံဉာဏ် ရယူခြင်း မရှိဘဲ အလွတ် တည်ကန်ဘောများကို ကိုယ်ပိုင် ပုံစံဖြင့် ကန်သွင်းနေသည်ဟု ပြောကြားသည်။

အလွတ် တည်ကန်ဘောများ ကန်သွင်းရာတွင် မိမိတို့နှစ်ဦးကန်သွင်းပုံ အလွန်ခြားနားသည်ဟု ဂါရတ်ဘေးလ်က ပြောသည်။

ယူရို ၂၀၁၆ တွင် ဝေးလ်စ်အသင်း၏ ပထမဆုံးနှစ်ပွဲ၌ တစ်ပွဲစီတွင် ဂါရတ်ဘေးလ်က အလွတ် တည်ကန်ဘောများမှ တစ်ဆင့် နှစ်ဂိုး သွင်းယူခဲ့သည်။

၎င်းနှင့် ပြောင်းပြန်အဖြစ် ရီးရဲလ်အသင်းဖော် ရော်နယ်ဒိုသည် အဓိကပြိုင်ပွဲများတွင် အလွတ်တည်ကန်ဘော ကန်သွင်းမှု (၃၆) ကြိမ်၌ ဂိုးမသွင်းယူနိုင်သေးဘဲ ယူရို ၂၀၁၆ တွင် အိုက်စလန်နှင့် သြစတြီးယားအသင်းတို့ နှင့် သရေကျသည့် ပွဲများ၌ အလွတ်တည်ကန်ဘော (၅) ကြိမ်ကန်သွင်းခဲ့ပြီး ဂိုးမသွင်းနိုင်ပေ။

၎င်း၏ အလွတ်တည်ကန်ဘောမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းများနှင့် ပတ်သက်၍ ရော်နယ်ဒိုထံမှ အကြံဉာဏ် ရယူခြင်းရှိ၊ မရှိဂါရတ်ဘေးလ်အား မေးမြန်းရာ ၎င်းက ‘‘ဟင့်အင်း လုံးဝမယူပါဘူး။ ကျွန်တော့်ပုံစံနဲ့ ကျွန်တော် ကန်ပါတယ်။ ကျွန်တော့်ကိုယ် ပိုင်ပုံစံကို ကျွန်တော်သဘောကျပါတယ်’’ဟု ပြောသည်။

မိမိတို့သည် ရီးရဲလ်တွင် အတူတကွ လေ့ကျင့်ခန်းဆင်းသော်လည်း နှစ်သင်းစီခွဲ၍ လေ့ကျင့်ကြကြောင်း၊ ဘောလုံးတည်နေရာ၊ ဂိုးပေါက်နှင့် နီးကပ်မှုတို့  အပေါ် မူတည်၍ ရော်နယ်ဒိုနှင့် မတူသော နည်းလမ်းဖြင့် ကန်သွင်းလေ့ ရှိကြောင်း ဂါရတ်ဘေးလ်က ပြောသည်။

—Ref:Goal.com


Leave a Reply