နတ်မောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်
နတ်မောက် မတ် ၂၁
မကွေးတိုင်းဒေသကြီး မကွေး ခရိုင် နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ ပါတီ၏ စည်း ရုံးရေးမွမ်းမံသင်တန်းအမှတ်စဉ် ၁/၂ဝ၁၉ ဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ နိုင်ငံတော်အလံ အားအလေးပြုခြင်းနှင့် နိုင်ငံတော် သီချင်းသီဆိုခြင်းတို့ဖြင့်အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီးမကွေးခရိုင်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် မကွေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးဆန်းညွန့်အောင်က သင်တန်း ၏ရည်ရွယ်ချက်မှာလာမည့်၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်သည့်အတွက် သင်တန်းကို အလေးအနက်တန်ဖိုး ထားပြီးတက်ကြရန် ပြောကြား ခဲ့ပြီး သိလိုသည်များမေးမြန်မှုကို ဖြေကြားပေးခဲ့သည်။ သင်တန်းကို ယနေ့ထိ နှစ်ရက်ကြာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ထွန်းမှီ(နတ်မောက်)