အလုပ်အကိုင်အခွင့်အလမ်း အထောက်အကူပြု လူငယ်စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့် ပါတီဝင်အဆိုပြုလွှာပေးအပ်
ဇလွန် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီးဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သော လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းအထောက်အကူပြု ရရှိစေရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးသင်တန်းဖွင့်လှစ်ခြင်း နှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ပိုင်းက ဇလွန်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီ ဝင် ဦးလှခိုင်၊ ဟင်္သာတခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ဇလွန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင် နှင့် အလုပ်သမားရေးရာတာဝန်ခံ ဦးခင်မောင်မြင့်တို့က သင်တန်းဖွင့် လှစ်ရခြင်းရည်ရွယ်ချက်များ၊ ပါတီ အောင်နိုင်ရေး၊ လူငယ်များ ပင်ကို Óဏ်အရည်အသွေး ကောင်းမွန်ပြီး ပညာကိုလိုလားသည့် လူငယ်များ အား အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး ကွန်ပျူတာ အထူးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ် ကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းတွင်ကျား ၁၂ ဦး၊ မ ရှစ်ဦး တက်ရောက် သင်ကြားကြပြီး သင်တန်းကာလ မှာ ၁၅ ရက် ကြာမြင့်မည်ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ ပါတီဝင်အဆို ပြုလွှာပေးအပ်ပွဲကို ဆက်လက် ကျင်းပရာ ကော့ကပ်တိုက်နယ်၊ အုတ်ရှစ်ကွင်းတိုက်နယ်၊ ကျုံရှ တိုက်နယ်၊ ပျဉ်းမကုန်းတိုက်နယ်၊ မြို့မတိုက်နယ်၊ဒေါင့်ကြီးတိုက်နယ်၊ ရေလဲတိုက်နယ်၊ သာဓုချောင်း တိုက်နယ်တို့မှပါတီဝင်အဆိုပြုလွှာ ၁ဝဝဝအားဇလွန်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးချိုမြင့်ခိုင်က ကော့ကပ်ကလေး ရပ်ကျေးပါတီဥက္ကဋ္ဌဦးဝင်ကိုလေးနှင့် တောင်ပို့တစ်ရာရပ်ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်စိန်တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ငွေသန်း(ဇလွန်)