အမေရိကန်သံတမန်များ နိုင်ငံတွင်းက ထွက်ခွာရန် ဗင်နီဇွဲလားအစိုးရ ညွှန်ကြား
အမေရိကန်သံတမန်တွေကို ၇၂ နာရီအတွင်း နိုင်ငံအတွင်းကနေ ထွက်ခွာဖို့ ဗင်နီဇွဲလား အစိုးရက မတ်လ ၁၂ ရက်နေ့မှာ ညွှန်ကြားလိုက်ပါတယ်။ နိုင်ငံတဝှမ်း အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့အပေါ် သမ္မတ မာဒူရိုက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဆိုက်ဘာတိုက်ခိုက်တယ်လို့ စွပ်စွဲပြီးနောက် အမေရိကန် သံတမန် တွေကို နှင်ထုတ်လိုက်တာပါ။ ဒါ့အပြင် အစိုးရရှေ့နေ တာရစ် ဆာအက်ကလည်း ဆိုက်ဘာတိုက်ခိုက်မှု အတွက် ဟွမ်ဂွယ်ဒိုကို စုံစမ်းဖို့ မာဒူရိုထောက်ခံတဲ့ တရားရုံးချုပ်ကို တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံအတွင်း ၆ ရက်မြောက် လျှပ်စစ်မီးပြတ်တာကြောင့် ဆေးရုံတွေရှိ စက်ကိရိယာ အသုံးပြုတဲ့အပိုင်းမှာ အခက်တွေ့ခဲ့ပါတယ်။ အဲဒီနောက် အစားအစာတွေ ပုပ်သိုးပြီး အကြီးဆုံး ရေနံဆိပ်ကမ်းက ပို့ကုန်တွေ ရပ်တန့်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်နေ့မှာတော့ ဒေသအတော်များများ လျှပ်စစ်မီး ပြန်ရခဲ့တယ်လို့ မျက်မြင်တွေနဲ့ ဆိုရှယ်မီဒီယာက ဆိုပါတယ်။ နိုင်ငံတောင်ပိုင်း ဂိုရီ ရေအားလျှပ်စစ်စက်ရုံကနေ အမျိုးသားဓာတ်အားလိုင်းကို ဆက်သွယ်ထားတဲ့ ဓာတ်အား ပို့လွှတ်ရေး လိုင်းတွမှာ နည်းပညာ အခက်အခဲကြောင့် လျှပ်စစ်မီး ပြတ်တောက်တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ရိုက်တာကို ပြောခဲ့ပါတယ်။
by DVB