မက်ဆီရဲ့ ဟတ်ထရစ်စံချိန်ကို လိုက်မှီခဲ့တဲ့ ရိုနယ်ဒို

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဟတ်ထရစ်သွင်းယူပြီး အဓိက ပြိုင်ဘက် မက်ဆီတင်ထားခဲ့တဲ့ ဟတ်ထရစ်စံချိန် တစ်ခုကို လိုက်မှီခဲ့ပါတယ်။

ရိုနယ်ဒို အတွက် ဒီဟတ်ထရစ်သွင်းဂိုးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူခံတဲ့ (၈) ကြိမ်မြောက် ဟတ်ထရစ်ဖြစ်ခဲ့ပြီး မက်ဆီနဲ့တူညီခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဟတ်ထရစ်သွင်းယူ ထားနိုင်ခဲ့တဲ့ ကစားသမား (၈၄) ဦးထိ ရှိနေခဲ့ပေမယ့် ရိုနယ်ဒိုက (၂၀၁၅) ခုနှစ် ဒီဇင်ဘာကလနေ (၂၀၁၇) ခုနှစ် မေလ အတွင်းကို (၇) ကြိမ် သွင်းယူထားနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ် ဆုဖလားကို (၅) ကြိမ်ထိ ကိုင်မြှောက် ထားနိုင်ခဲ့သလို ကစားခဲ့ပြီးတဲ့ ပွဲပေါင်း (၁၆၀) မှာ သွင်းဂိုး (၁၂၄) ဂိုးသွင်းယူပြီး ပြုင်ပွဲရဲ့ သမိုင်းတစ်လျောက် သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရိုနယ်ဒို ရပ်တည်ထားနိုင်ခဲ့ပြီး အဓိက ပြိုင်ဘက် မက်ဆီထက် (၁၈) ဂိုး အသာနဲ့ ရပ်တည်နေခဲ့တာပါ။ ရိုနယ်ဒို ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်က ဟတ်ထရစ် (၇) ကြိမ် ပိုင်ဆိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းအတွက်တော့ ပထမဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ ဟတ်ထရစ်လည်းဖြစ်ခဲ့ပါတယ်။