ရွှေကူမြို့နယ်စီမူကြီးကျေးရွာအုပ်စုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ် စိုက်ထူပွဲကျင်းပ

 

ဗန်းမော် မတ် ၁၁

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမူကြီးကျေးရွာအုပ်စုပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိုင်းဘုတ်အသစ် စိုက်ထူပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၇ နာရီ ခွဲက စီမူကြီးကျေးရွာအုပ်စု နတ် လှန်ကျေးရွာပြည်ခိုင်ဖြိုးပါတီကော် မတီဝင်ဦးဌေးသောင်၏နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်မင်း၊အတွင်းရေး မှူးဦးသန်းထိုက်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ စီမူကြီးကျေးရွာ အုပ်စု ပါတီဥက္ကဋ္ဌ ဦးဝင်းမော်နှင့် ကျေးရွာပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ စုစု ပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြ ကာ မင်္ဂလာအချိန်တွင် ကျေးရွာ အုပ်စုပါတီနာယက ဦးဟန်သိန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များက ဆုတောင်းပတ္ထနာပြု၍ အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းကြ ပြီး နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဆိုင်းဘုတ်အသစ်ကို စုပေါင်းစိုက် ထူခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား တက်ရောက်လာသူများကို ကြာဆံ ချက်ဖြင့်ဧည့်ခံကျွေးမွေးပြီး ဦးဌေး သောင်အိမ်တွင်မြို့နယ်ပါတီကော် မတီဝင်များနှင့် ကျေးရွာပါတီဝင် များတွေ့ဆုံပွဲကျင်းပခဲ့ရာ မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်မင်းက ပါတီ၏ မူဝါဒ၊လုပ်ငန်းစဉ်များနှင့်နိုင်ငံတော် ၏လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနား ကို နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝါဝါ(ဗန်းမော်)