ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်ပါတီဝင်ကတ်နှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ တက်ရောက်
ကမမောင်း ဖေဖော်ဝါရီ ၁၇
ဖာပွန်မြို့နယ် ကမမောင်းရှိ တောင်တန်းသာသနာ ပြု(ဗဟို) ဘုန်းတော်ကြီးကျောင်း အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ ဦးကုမာရဆရာတော်အား ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ် တာဝန်ခံ ဦးသူရိန်ဇော်၊ဗဟိုအလုပ်အမှုဆောင် ကရင်ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကို၊ ဗဟို ကော်မတီဝင်ပြည်နယ်ဘဏ္ဍာရေး မှူး ဦးစောဝင်းထိန်တို့က သွား ရောက်ဖူးမြော်၍ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် ပြီး ကရင်ပြည်နယ်တာဝန်ခံက နဝကမ္မအလှူငွေကျပ်သုံးသောင်း၊ ကရင်ပြည်နယ် ပါတီဥက္ကဋ္ဌက ကျပ်နှစ်သောင်းဆက်ကပ်ခဲ့သည်။
ဆက်လက်၍ ကမမောင်းမြို့ ပါတီဝင်ကတ်နှင့် ပါတီဝင်အဆိုပြု လွှာပေးအပ်ပွဲ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ် ခဲ့ပြီးကရင်ပြည်နယ်တာဝန်ခံဦးသူရိန် ဇော်နှင့် ကရင်ပြည်နယ်ပါတီ ဥက္ကဋ္ဌဦးစောမြင့်ဦးတို့က အမှာ စကားပြောကြားခဲ့သည်။
ပါတီဝင်အသိအမှတ်ပြုလွှာ ၁၃၇ ဦးကို ကရင်ပြည်နယ်ပါတီ အတွင်းရေးမှူးဦးစန်းကိုက ပေး အပ်ရာအမှတ်(၂)ရပ်ကွက်မှ ပါတီ ဝင်ဦးသန်းမြင့်ကလက်ခံခဲ့သည်။
ပါတီဝင်အဆိုပြုလွှာ ၁၁ဝ ဦး ကိုအမှတ်(၂)ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ပေးအပ်ပြီး ဖာပွန် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသိန်းဇံ က လက်ခံရယူခဲ့သည်။
ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများကို ကရင်ပြည်နယ်တာဝန်ခံဦးသူရိန် ဇော်က ကျပ်တစ်သိန်းပေးအပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌဦးစိုင်းသိန်းဇံက လက်ခံရယူခဲ့သည်။
ကရင်ပြည်နယ်ပါတီဥက္ကဋ္ဌဦး စောမြင့်ဦးက ကျပ်တစ်သိန်းပေး အပ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစောဇော်မင်းမှ လက်ခံရယူခဲ့ သည်။ကရင်ပြည်နယ်ပါတီအတွင်း ရေးမှူးဦးစန်းကိုကကျပ်ငါးသောင်း ပေးအပ်ရာအမှတ် (၂)ရပ် ကွက်မှ ပါတီဝင်ဦးဆန်းအောင်ကြည်က လက်ခံရယူခဲ့သည်။
ရပ်မိရပ်ဖဦးသန်းမြင့်က ကျေး ဇူးတင်စကားပြောကြားခဲ့ပြီး ကရင် ပြည်နယ်တာဝန်ခံနှင့်အဖွဲ့က တက် ရောက်လာသည့်ပါတီဝင်အသစ် များကို ရင်ထိုးတံဆိပ်များ တပ် ဆင်ပေးခဲ့သည်။
အခမ်းအနားကို ဖာပွန်မြို့နယ် ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၁၃ဝ တက်ရောက်ခဲ့သည်။ ထို့ နောက် အခမ်းအနားကို မွန်းတည့် ၁၂နာရီတွင်အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်