တောင်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသအဖွဲ့ ကော့မှူးမြို့နယ်အတွင်း ကွင်းဆင်းကုသ
ကော့မှူး ။ ဖေဖေါ်ဝါရီ ၁၇
ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ၏ လမ်းညွှန်မှုဖြင့် တောင်ပိုင်းခရိုင် ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသအဖွဲ့ သည် သွားလာခက်ခဲသည့် ကျေးရွာများသို့ ကွင်းဆင်းကုသ ပေးလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ ကော့မှူးမြို့နယ် ခရိုက်ခနိကျေးရွာ၊ ဘက်စုံသုံး ခန်းမဆောင်၌ ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၇ ရက်နေ့) နံနက်၉ နာရီ (၃၀) မိနစ် အချိန်မှစ၍ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ကော့မှူးမြို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီနှင့် ဒေါက်တာသိန်းဇော်မြင့် ဦးဆောင်သော ဖြိုးစေတနာ အခမဲ့နယ်လှည့် ဆေးကုသ အဖွဲ့တို့ ကျေးရွာများအရောက် ကွင်းဆင်းကုသ ခဲ့သည်။
အဆိုပါ ဆေးကုသ ဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီခရိုင်အတွင်းရေးမှူး ဦးဆန်းဝင်း ၊ ခရိုင်ကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက ဦးဝင်းထိန်၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းနှင့် မြို့နယ်ကော်မတီများ၊ ဒေသရပ်စည်း ခေါင်းဆောင်များနှင့် ရွာမိရွာဖများမှ ကူညီဆောင်ရွက် ပေးခဲ့ကြပြီး ကျေးရွာအတွင်းနှင့် အနီးဝန်းကျင် ကျေးရွာများရှိ လူနာမ (၉၀) ဦး၊ ကျား (၇၀) ဦး ၊ကလေး (၁၅) ဦး၊ စုစုပေါင်း (၁၇၅) ဦးတို့အား ကုသပေးခဲ့ကြောင်း သိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)