ကချင်ပြည်နယ် မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ၊ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတက်ရောက်ချီးမြှင့်
မချမ်းဘော့၊ ဖေဖော်ဝါရီ ၁၆
ယနေ့ နေ့လည် ၁၄း၃ဝ နာရီအချိန်တွင် မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာ အထကဘောလုံးကွင်းတွင် ပြုလုပ်ကျင်းပသည့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ချီးမြှင့်ခဲသည်။
ပထမဦးစွာ အခမ်းအနားအား နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဝင်အဆိုပြုလွှာ ၃၅၀ အား မချမ်းဘောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးရယ်ဒမ်းဝမ်ယောဆက်က ပေးအပ်ခဲ့ရာ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက လက်ခံရယူခဲ့သည်။
၎င်းနောက် ပါတီဝင်အသစ်တစ်ဦးမှ ပါတီသို့ဝင်ရာက်လာရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ရပ်မိရပ်ဖများမှ သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ကြသည်။ မေးမြန်းချက်များအပေါ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးတို့မှ အသီးသီးပြန်လည်ဖြေကြားခဲ့ပြီး ၁၆းဝဝ နာရီအချိန်တွင် အခမ်းအနားကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ပါတီဝင်သစ်များအား ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဒေါ်စိုးဝတ်ရည် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့်ဇနီး ဒေါ်မြင့်မြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာအောင်မြတ်ဦး ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် နှင့် ကချင်ပြည်နယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကော်မတီဝင်များ ပါတီဝင်များ စုစုပေါင်းအင်အား ၁၀၀၀ ဦး တက်ရောက်ခဲ့ကြသည်။