ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဟင်္သာတခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ
ဇလွန် ဇန်နဝါရီ ၂၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်းသည် ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဟင်္သာတခရိုင်နှင့် ခရိုင်အတွင်းရှိ ခြောက်မြို့နယ်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသ ကြီးတာဝန်ခံဦးသန်းထွန်းက လမ်းညွှန် အမှာစကားပြောကြားခြင်း၊ဗဟိုကော်မတီ ဝင် ဦးခင်မောင်ရီက အမှာစကားပြော ကြားခြင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များတစ်ဦးချင်းစီက ပါတီ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင်တင်မြင့်၊ ဦးÓဏ်လင်းနှင့် ဗဟို ကော်မတီဝင် ဒေါက်တာဌေးဝင်းတို့က ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေး နွေးခြင်း၊ဗဟိုအတွင်းရေးမှူးကရှေ့လုပ်ငန်း စဉ်များ ချပြဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်း ရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဧရာ ဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးÓဏ်လင်း၊ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်း၊ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်း ကိုကို၊ ဘဏ္ဍာရေးမှူးဦးလှခိုင်၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဦးအောင်ဝင်းဆွေ၊ ဟင်္သာတခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးညွန့်လှိုင်နှင့် ခရိုင် ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ်၊ လေး မျက်နှာ၊ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ နှင့် မြို့နယ်ကော်မတီဝင်များ အရန်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စည်သူဇော်(ဇလွန်)