ကန် နဲ့ ဆက်ဆံရေး တိုးတက်နိုင်ဟု မြောက်ကိုရီးယား ပြော

တကယ်လို့ အမေရိကန်ကသာ မြောက်ကိုးရီးယားရဲ့ နျူးကလီးယား လျော့ချရေးအားထုတ်မှုကို ယုံကြည်လောက်ဖွယ်တိုင်းတာမှုတွေ၊ လက်တွေ့ကျတဲ့ ဆောင်ရွက်ချက်တွေနဲ့ တုံ့ပြန်ခဲ့မယ်ဆိုရင် မြောက်ကိုးရီးယားနဲ့ အမေရိကန်ဆက်ဆံရေးဟာ အံ့သြဖွယ်ကောင်းလောက်အောင် အရှိန်နဲ့တိုးတက်လာမှာ ဖြစ်တယ်လို့ မြောက်ကိုးရီးယားက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဟန်တေးဆောင်း (Han Tae Song) က ဂျနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂကလက်နက်ဖျက်သိမ်းရေး ညီလာခံမှာ အဲဒီလိုပြောလိုက်တာဖြစ်ပြီး ကိုးရီးယား ကျွန်းဆွယ်မှာ ရေရှည်ငြိမ်းချမ်းဖို့နည်းလမ်းရရှိအောင် မြောက်ကိုးရီးယားက ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြောက်ကိုးရီးယားအနေနဲ့ အစထဲကကြေညာထားပြီးတဲ့အတိုင်း နျူးကလီးယား လက်နက်စမ်းသပ်တာ၊ အသုံးပြုတာ၊ တိုးပြီးထုတ်တာတွေ လုပ်တော့မှာမဟုတ်သလို နည်းပေါင်းစုံနဲ့ လက်တွေ့တိုင်းတာ ဆောင်ရွက်နေပါတယ်လို့လည်း မြောက်ကိုးရီးယားသံအမတ်ကြီးက ပြောပါတယ်။  

-Ref: RFA