ကဘူးလ်မှာ ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံခြားသားများ သေဆုံး

proxy

အာဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်အစောပိုင်းက ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှု ထိမှန်ကာ လူအချို့ သေဆုံးဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယယ်။ မီနီဘတ်စ်ပေါ်မှာ နီပေါ နိုင်ငံသား ၁၃ ဦး လိုက်ပါလာကြောင်း သတင်းများက ဖော်ပြပါတယ်။

အေအက်ဖ်ပီ သတင်းရဲ့ ဖော်ပြမှုအရ ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးကြောင်း သိရပါတယ်။ ရိုက်တာ သတင်းဌာန မျက်မြင်တစ်ဦးရဲ့ ပြောကြားမှုအရ လူအချို့ သေဆုံးခဲ့ပြီး အနည်းဆုံး ဒဏ်ရာရရှိသူ နှစ်ဦးကို ဘတ်စ်ကားအတွင်းမှ ဆွဲထုတ်ခဲ့ကြောင်းနဲ့ အခင်းဖြစ်နေရာသို့ ရဲကားနဲ့ အရေးပေါ်ဆေးရုံးကားများ အလျင်အမြန် ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ ပတ်သက်ပြီး သတင်းဖော်ပြရာမှာ ကွဲလွဲမှုအချို့ ရှိခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ လိုက်ပါလာသူတွေဟာ နီပေါလူမျိုး လုံခြုံရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တွစ်တာ သတင်းများအရ ပေါက်ကွဲမှုဟာ နိုင်ငံခြားသားများ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားကို ပစ်မှတ်ထား အသေခံ ဗုံးခွဲမှုဖြစ်ကြောင်း သိရပါတယ်။

Source & Photo: Reuters, AFP


Leave a Reply